မည်သူ့ကိုမြင်သနည်း
နှစ်များစွာကြာသည့်တိုင် Allen Funt ၏ Candid ကင်မရာရုပ်သံအစီအစဉ်မှ လျှို့ဝှက်ကင်မရာ သုံး၍ မထင်မှတ်သော လျှပ်တစ်ပြက်အခြေအနေများတွင် သာမန်လူများ၏ အလွန် ရယ်စရာကောင်း သော တုံ့ပြန်ချက်များကို ရိုက်ယူပြသသဖြင့် ကြည့်ရှုသူများ အထူးနှစ်သက်ကြသည်။ ထိုရုပ်သံလိုင်း ပိုင်ရှင်၏သား Peter ၏အဆိုအရ “လူတွေက ထူးဆန်းပြီး အံ့သြစရာကောင်းတယ်ဆိုတာကို ကျွန်တော် တို့ ယုံကြည်တယ်။ ပြီးတော့ ဒါကိုအတည်ပြုဖို့ ကြိုးစားနေတာပါ”ဟု ၄င်းတို့၏သဘောထားကို ပြောပြ သည်။ ထိုအစီအစဉ်နှင့် ဆင်တူသည့် အခြားတင်ဆက်မှုများ၌မူ လူသည် ဥာဏ်နည်းမိုက်မဲကြပြီး ထိုအချက်ကို ပေါ်လွင်အောင်ပြရန် နည်းလမ်းရှာဖွေသကဲ့သို့ ခံစားရကြောင်း Peter ပြောသည်။
သူ၏သုံးသပ်ချက်အရ လူများအပေါ်ထားသော မိမိ၏အမြင်အပေါ်မူတည်ပြီး ထိုသူတို့ကို ကျွန်ုပ်တို့ ပြုမူဆက်ဆံတတ်ကြောင်း ထောက်ပြနေသည်။
သခင်ယေရှုက အခွန်ခံ ဇက္ခဲအိမ်သို့ ၀င်သောအခါ ယေရိခေါမြို့သားများ မနှစ်မြို့ကြပါ။ “ထိုအကြောင်းကို လူအပေါင်းတို့က ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူပါသည်တကား…
အောင်မြင်ခြင်း၏ပျော့ကွက်
“ငွေကြေး၊ ဂုဏ်ပြုခံရခြင်း (သို့) လူထုစိတ်ဝင်စားမှု ခံရပြီး ကျော်ကြားခြင်း စသည်တို့ကို စိတ်မ၀င်စားတော့ပါက သင်သည် အောင်မြင်မှု အထွတ်အထိပ်သို့ရောက်ရှိခြင်းဖြစ်သည်။” ၄င်းသည် ဓာတုဗေဒပညာရှင် စာရေးဆရာ Dr. O. A. Battista တွေ့ရှိရေးသားခဲ့သည့် မှတ်သားစရာစာတိုကလေး ပေါင်း ၁၉၀၀၀ ကျော်အနက် တစ်ခုဖြစ်သည်။ မိမိတို့ပြုလုပ်ခဲ့သောအရာအတွက် ချီးမွမ်းခံရ၊ ဆုချခံရပါက ဆန့်ကျင်ဖက်အရာများဖြစ်တတ်ပါသည်။ နှိမ့်ချသောနှလုံးသားကလည်း ထောင်လွှားလာတော့သည်။
ရှောလုသည် ဘုရင်အဖြစ် ဘိသိက်ပေးခြင်း မခံရမီ မထင်မရှား မိသားစုကလေးမှ မွေးဖွားလာ၍ ဣသရေလလူမျိုးစု၏ အငယ်ဆုံး ဗင်္ယာမိန်မျိုးနွယ်စုဝင်ကလေးအဖြစ် သူ့ကိုယ်သူ နားလည်ခဲ့ပါသည် (၁ ရာ ၉း၂၁)။ နှစ်အနည်းငယ်ကြာသောအခါ အမြင့်ဆုံးအာဏာကိုရပြီး သူ့ဘ၀မှတ်တိုင်စိုက်ထူနိုင်ခဲ့သည် (၁၅း၁၁-၁၂)။ သို့သော် ဘုရားသခင်အား ရှောလု မနာခံသောအခါ ရှမွေလက “သင်သည် ကိုယ်အထင် အတိုင်း ငယ်သောသူဖြစ်လျက်ပင် ဣသရေလအမျိုးတို့၏အထွတ်သို့ရောက်၍ ဣသရေလရှင်ဘုရင်…
ဤအခန်း ဤနေရာ၌
ကျွန်ုပ်တို့၏အသင်းတော်တွင် ရွန်နှင့် ကဲရယ် ဟာရစ်တို့ သီဆိုသည့် “In This Very Room” ဟူသည့် သီချင်းကို ကျွန်ုပ်တို့ မကြာခဏ ဆိုလေ့ရှိကြသည်။ ထိုသီချင်းက “ဤအခန်း ထဲတွင် ကျွန်ုပ်ကဲ့သို့သောသူအတွက် လုံလောက်သောမေတ္တာရှိပေ”ဟု အစပြုထားသည်။ အခြား ခရစ်ယာန်များနှင့် စုဝေး၀တ်ပြုခြင်းက အလွန်ခွန်အားရစေသော်လည်း ခရစ်တော်ရှိနေခြင်းက ပို၍ အရေးကြီးကြောင်း ၄င်းသီချင်းက သတိပေးနေသည်။ ကိုယ်တော်က ဘုရားကျောင်းတွင်သာမက ကျွန်ုပ်တို့အသက်တာကဏ္ဍတိုင်းတွင် ရှိနေပါသည်။
ဤစာကို သင်ဘယ်မှာဖတ်နေသလဲ။ မီးဖိုချောင်၌လား၊ ကော်ဖီဆိုင်မှာလား၊ အကျဉ်းစခန်း မှာလား၊ စစ်စခန်းမှာလားဟု ကျွန်ုပ် တွေးတောမိသည်။ သင်သည် ဆေးရုံ (သို့) တရားရုံးသို့လည်း ရောက်ကောင်း ရောက်နေနိုင်သည်။ ထိုနေရာသည် သင့်အသက်တာ၏ အောင်မြင် အဆင်ပြေမှု များကို ပြန်လည်မြင်ယောင်စေသောအခန်း (သို့) သင်၏လွဲချော်ရှုံးနိမ့်မှုများကို ပြန်လည်သတိရ စေသော နေရာတစ်ခုဖြစ်နိုင်သည်။ ထို့ပြင်…